Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ရေး မွမ်းမံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကျင်းပ


03 Jul,2024

နေပြည်တော် ဇူလှိုင် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်ရှိ ရုံးအမှတ်(၃၆-B)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က မိမိတို့ ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွါးစေရေး၊ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေရေး၊ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်နိုင်ရေး၊ မြစိမ်းရောင်စီမံကိန်းမှ စိုက်ပျိုးရေး၊မွေးမြူရေး၊မီးလင်းရေးလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်း၊အရောင်းအဝယ်၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊အသေးစားစက်မှုလက်မှုလုပ်ငန်းများ စသည့်ကဏ္ဍ(၈)ရပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လက်လှမ်းမီစေရေး၊နိုင်ငံတော်၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash Less System ဖြစ်တဲ့ Banking 4.0 စနစ်အားအထောက်အကူပြုစေရန် ရည်ရွယ်ပြီး Digtal ငွေ​ပေးချေးမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ကျေးရွာသူ/သားများ နားလည်လက်ခံလာအောင် ကွင်းဆင်းစည်းရုံးပြီး အောင်မြင်အောင်ဆောင်ရွက်ကျစေရန်နှင့် သင်ခန်းစာများကို စနစ်တကျလေ့လာသင်ယူမှတ်သားပြီး လိုအပ်သည့် အချိန်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစား သင်ယူကြစေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်ထည်ဖော်ရေး မွမ်းမံသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှသင်တန်းသား သင်တန်းသူ (၃၉)ဦးတက်ရောက်ကြပြီး သင်တန်းကို ဇူလှိုင်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ (၄)ရက်ကြာ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm