Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ် အိုင်ကလောင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း


04 Jul,2024

တိုက်ကြီးမြို့နယ် အိုင်ကလောင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
***********************************
တိုက်ကြီး       ဇူလိုင်        ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေး နှစ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ဆောင်ရွက်ရန်အတွက် အိုင်ကလောင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းနံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက ခေတ်မီစံပြကျေးရွာစီမံကိန်း ၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး  ဒေါ်ခင်ထက်ထက်မောင်က ကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရန် စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအ ကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကျေး ရွာသူကျေးရွာသားများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ခေတ်မီစံပြကျေးရွာစီမံကိန်းကော်မတီဝင် ၇ ဦးကို ရွေးချယ်‌ဖွဲ့စည်းပေးခဲ့သည်။ 

တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ကျေးလက်စီးပွားမြင့်မားလာစေရန်၊ နေချင့်စဖွယ် ခေတ်မီစံပြကျေးရွာများ ပေါ် ပေါက်လာစေရန်နှင့် ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်အတွက် ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တိုက်ကြီးမြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေထံမှ သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm