Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းဇယားများဖြည့်သွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်


04 Jul,2024

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းဇယားများဖြည့်သွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
*************************************
မကွေး         ဇူလိုင်         ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ ငွေစာရင်းဇယားများ စနစ်တကျဖြည့်သွင်းတတ်စေရန်နှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူစေရန်ရည်ရွယ်၍ စာရင်းဇယားများဖြည့်သွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းဇယားများဖြည့်သွင်းနည်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်စီမံကိန်းတာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရာ၌ ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ၊ လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေထုတ်ချေးမှုပုံစံများနှင့် စီမံကိန်းလက်စွဲပါ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါသင်တန်းသို့ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ထုံးပေါက်တော(တ)ကျေးရွာနှင့် သံဘိုရွာမကျေးရွာတို့မှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm