Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်


04 Jul,2024

မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ညောင်မြင့်ကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးလက်နေပြည်သူများလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်  ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း လုပ်ငန်းစဉ်များ စီမံကိန်းမူဘောင်များ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းစဉ်များ၊ စီမံကိန်းမူဘောင်များအား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူကျေးရွာသားများက ဦးစာပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များရှင်းလင်းပြောကြားပြီး  ကျေးရွာနေပြည်သူများ၏  အများသဘောဆန္ဒနှင့်အညီ  ကျေးရွာလုပ်ငန်းအဖွဲ့များကို မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျော်ကုန်းကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းတွင်  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းကို ငွေကျပ်သိန်း ၃၀၀ ဖြင့် အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူများအားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျပ်သိန်း ၃၀၀ ဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အသေးစားစက်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်မည့်သူများအားလည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm