Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းပညာ မွမ်းမံသင်တန်း(TဝT) အမှတ်စဉ်(၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


03 Jul,2024

နေပြည်တော်၊ ဇူလိုင် ၃

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများနှင့် ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အနေဖြင့် မော်တော်ဆိုင်ကယ်နှင့်သက်ဆိုင်သည့် သင်တန်းများပေးရာတွင် အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင်ကျွမ်းကျင်သော နည်းပြများဖြစ်လာစေရန် ရည်ရွယ်၍ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာမွမ်းမံ (TဝT) သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခမ်းမ၌ ကျင်းပသည်။

            အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများ နှင့် သင်တန်းသား (၁၃)ဦးတို့ တက် ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ဌာန အနေဖြင့် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဝင်ငွေတိုး စီမံကိန်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်သည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် ယခုလို  Training of Trainers (TဝT) သင်တန်းများ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ဌာနအနေဖြင့် ပြည်သူများအတွက် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများတွင် သင်ကြားပို့ချပေးရမည့်နည်းပြများ၏ သင်ကြားပို့ချမှု စွမ်းဆောင်ရည်များ ပြည့်ဝ နေစေရန် လိုအပ်ပါကြောင်း၊ သင်တန်းကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနှင့် ပညာသင်ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်အောင် စွမ်းအားရှိသလောက် ကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယခုသင်တန်းတွင် အင်ဂျင်အမျိုးအစားခွဲခြားခြင်း၊ အင်ဂျင်ဆိုင်ရာ စက်မှုအခေါ်အဝေါ်များ၊ အင်ဂျင်အခြေခံသဘောတရား၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ဖြေရှင်းနည်းအပါအဝင် ဘာသာရပ်(၁၃)မျိုး တို့ကို (၃-၇-၂၀၂၄) ရက်နေ့မှ (၁၇-၇-၂၀၂၄) ရက်နေ့အထိ (၁၅) ရက်ကြာ သင်တန်းသား (၁၃)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm