Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး


03 Jul,2024

               ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေး သွားလာနိုင်ရန်ရည်ရွယ်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် မြေပြင်အကြိုကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့် တာဝန်ရှိသူများသည် နမ့်ပေါင်ကျေးရွာ၊ ရှောင်ကွင်းကျေးရွာ၊ မော်ဖောင်းကျေးရွာနှင့် နယ်မြေ (၈)ကို ဆက်သွယ်ထားသော အရှည် ၄ ဒသမ ၂ ဖာလုံရှိ ကျေးရွာချင်းဆက်လမ်းများနှင့် မော်ဖောင်းကျေးရွာတွင် အရှည် ၄ ဒသမ ၅ ဖာလုံရှိ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်း မော်ဖောင်းစာသင်ကျောင်းရှေ့ လမ်းသွယ်(၃)တို့အား အဆင့်မြှင့်တင်ဆောင်ရွက်ရန် မြေပြင်အကြိုကွင်းဆင်းစစ်ဆေးသည်။

              ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် အထက်မော်ဖောင်းကျေးရွာနှင့် ဝန်တင်တပ်ကျေးရွာကို ဆက်သွယ်ထားသော အရှည် ၃ ဒသမ ၆ ဖာလုံရှိ ကျေးရွာချင်းဆက်လမ်းနှင့် ရွှေစက်ကျေးရွာနှင့် ကဝါးခကျေးရွာကို ဆက်သွယ်ထားသော အရှည် ၂ ဒသမ ၄ ဖာလုံရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်မည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

                 မြစ်ကြီးနားမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာချင်း ဆက်လမ်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများ အသုံးပြုကာ မြစ်ကြီးနား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက ကျေးရွာချင်းဆက်လမ်းများ ရာသီမရွေးသွားလာနိုင်ရန် ကွန်ကရစ်လမ်းများအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာရံ(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm