Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသားတောင်သူများသို့ ထောက်ပံ့ငွေပေးအပ်


02 Jul,2024

နေပြည်တော် ဇူလိုင် ၂

(၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများထံသို့ နိုင်ငံတော် ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော အသင်းသား တောင်သူများသို့ သွင်းအားစု(မျိုး)ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ညောင်ကုန်းကျေးရွာ (SMU)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က နိုင်ငံတော်ထောက်ပံ့ငွေရယူထားသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၉)သင်း၊ အသင်းသား (၁၅၆)ဦး၊ စိုက်ဧက(၅၅၁)တို့အတွက် လိုအပ်သော  သွင်းအားစု(၂၂၅)အိတ်၊ မျိုးစပါး (၅၃၃)အိတ် တို့အတွက် ပံ့ပိုးငွေကျပ်စုစုပေါင်း(၅၃.၇၆၈)သိန်းအား အသင်းသားကိုယ်စားလှယ်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အသင်းသားတောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm