Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်


02 Jul,2024

မိုးကောင်း ဇူလိုင် ၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစု လီမိတက်တို့ပူးပေါင်း၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို အောင်သာကျေးရွာရှိ ကျေးလက်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစီမံကိန်းအတွက် အရင်းမပျောက်မတည်ငွေဖြင့် သွင်းအားစုများပံ့ပိုးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာ (၅)ရွာရှိ အသင်းသား ၃၈၅ ဦးအတွက် စုစုပေါင်းငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ သွင်းအားစု အိတ် ၄၀၀ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm