Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းယောင်းမြို့နယ်၌ GEC ပညာရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


02 Jul,2024

မိုင်းယောင်း ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် GEC ပညာရေးသမဝါယမ အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို ဇွန်(၃၀)ရက်နေ့က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် GEC ပညာရေးသမဝါယမအသင်းဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း နှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းမာနွယ်တို့က အမှာစကားပြောကြားခဲ့ကြပြီး အသင်း အတွင်းရေးမှူး မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမင်းက နှစ်ချုပ်အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အသင်းသားများ၏ သားသမီးများအား

ဂုဏ်ပြုဆုပေးအပ်ပြီး အမှုဆောင်သစ်ပြန်လည်ရွေးချယ်ပွဲကို ပြုလုပ်ကျင်းခဲ့သည်။ အသင်းသူ၊ အသင်းသား ၂၂၆ ဦးရှိရာ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် ဆီ(၁)ဗူးစီ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm