Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


03 Jul,2024

ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
*****************************
ကျောက်တန်း      ဇူလိုင်      ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ကန်ပြောင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ ကျောက် တန်းမြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကန်ပြောင်ကျေးရွာ၌ ၄ခွဲလက်မအကျယ် အနက် ၆၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဧပြီလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကိုအိမ်တိုင်ရာ ရောက်ရယူသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm