Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ကြောင်ယာတောကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


03 Jul,2024

ချောက်   ဇူလိုင်   ၃

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကြောင်ယာတော ကျေးရွာ အုပ်စု၊ ကြောင်ယာတောကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို ဇူလိုင် ၂ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီ ဝင်များနှင့်အတူ ကြောင်ယာတောကျေးရွာ၌ အကျယ် လေးလက်မ GI ၊ အနက်ပေ ၁၁၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ကြောင်ယာတောကျေးရွာ၌  အကျယ် လေးလက်မ GI ၊ အနက်ပေ ၁၁၀၀ ရှိ စက်ရေတွင်းတူး‌ဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်း၊  (၅'x၅'x၇')ရေစက်ရုံတည်ဆောက် ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၆၁ ဒသမ ၀၇သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် ဇွန်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၉ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ကြောင်ယာ တော ကျေးရွာရှိ အိမ်ခြေ ၂၅၀၊  လူဦးရေ ၁၁၅၇ ဦးတို့၏ သောက်ရေ၊ သုံးရေအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm