တောင်ကြီး ဇူလိုင် ၁
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “အနာဂတ်ဘဝပိုမိုကောင်းမွန်ရေးသမဝါယမက ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်း ကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါဂုဏ်ပြုစာစီစာကုံးပြိုင်ပွဲတွင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(တောင်ကြီး)မှ ပထမနှစ် ကျောင်းသား ကျောင်းသူ ၉ ဦး၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၉ ဦး၊ စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး ဆုရရှိသူများအား အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်