ပြင်ဦးလွင် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိမြို့နယ်အစီအစဉ်ဖြင့် သွင်းအားစုများ ကို ဇွန် ၂၅ ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသွင်းအားစုများပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့် တာ၀န်ကျအဖွဲ့များ၊ မြို့နယ် သမဝါယမအသင်းစုမှ တာ၀န်ရှိသူများသည် သမဝါယမအသင်း(၁၀) သင်း၊ အသင်းသား(၁၄၂)ဦး၊ မိုးစပါးစိုက်ဧက (၃၈၄) ဧကအတွက်(၁) ဧက လျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစု (စမ်း၀တီသဘာ၀မြေဩဇာ၊ ဓာတ်မြေဩဇာ) တန်ဖိုးငွေကျပ် (၇၆၈) သိန်းအား မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများထံသို့ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
သွေးသွေး
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်