Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ထောက်ပံ့ငွေများပေးအပ်


01 Jul,2024

မုဒုံ ဇွန် ၂၉

၂၀၂၄ ခုနှစ် ဇူလိုင် (၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးမိသားစုငွေစုငွေချေးသမဝါယမအသင်း လီမိတက်မှ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်အသင်းသားများ၏ သားသမီး များအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဇွန် ၂၉ ရက်က အ.ထ.က (၁) မုဒုံ ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီထွန်းမှ အဖွင့်အမှာစကားပြောကြား ပြီး အသင်းဥက္ကဋ္ဌ ဦးဘတင်က ပညာရေးထောက်ပံ့ကြေးငွေ(၂၈၀၀၀၀)ကျပ်၊ အသင်းသား/သူ များ၏ အကျိုးဝေစု(၅၀၉၆၀၀၀)ကျပ်၊ စုဆောင်းငွေပေါ်အတိုးပေးငွေ (၄၀၀၇၃၄၂၀)ကျပ်နှင့် အစုပေါ်အမြတ်ငွေ(၁၅၈၈၆၈၀)ကျပ်ကို ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ပညာရေး မိသားစုငွေစုငွေချေးအသင်းဥက္ကဋ္ဌတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား/သူ (၅)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm