သံဖြူဇရပ် ဇူလိုင် ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (၁၀၂) နှစ်ပြည့်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ အသင်းစုအမှုဆောင်နှင့်အသင်း၏ဝန်ထမ်းများအား စားသုံးဆီနှင့် ဆပ်ပြာမှုန့်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၂၈ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြု လုပ်သည်။
အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင် က ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစံသောင်းမှ မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများအားစားသုံးဆီနှင့် ဆပ်ပြာမှုန့်တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်