Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ် ညောင်လေးပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


02 Jul,2024

တိုက်ကြီး    ဇူလိုင်     ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိမ္မော်ခြံကျေးရွာအုပ်စု၊ညောင်လေးပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးကျော်သူကိုကို၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်၊ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများသည်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူညောင်လေးပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ကစီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

တိုက်ကြီးကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ညောင်လေးပင်ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်ရန်ပုံငွေကျပ်သိန်းသုံးရာကိုးဆယ်ဖြင့်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၅ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ
တစ်ဆယ်ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၅၅ ဦးရှိပြီးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက်ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm