Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညိုမြို့နယ် တက်ငွေထွန်း အသေးစားချေးငွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


26 Jun,2024

မိုးညို  ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် တက်ငွေထွန်းအသေးစားချေးငွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မိုးညို မြို့ရှိ အောင်ဆုပန်ဘုရား ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တက်ငွေထွန်းအသေးစားချေးငွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ ဦးအေးကျော်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားကာ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်က သမဝါယမလုပ်ငန်းများ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယခုဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများကို အသေးစိတ် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တင်ပြလာသည့်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာ တင်သွင်းခြင်းနှင့်အတည်ပြုချက်များ ရယူခဲ့ပြီး အသင်း၏ဘဏ္ဍာရေးရှင်းတမ်းများ၊ အသားတင် အကျိုးငွေခွဲဝေခြင်းတို့ကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အတည်ပြုချက်များလည်း ရယူခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော အသင်းသားများအတွက် ဆန်(၁၉)အိတ် တန်ဖိုးငွေ(၁၆၆၁၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းနှင့် တက်ရောက်လာကြသူများအား ကံစမ်းမဲ (၂၆၅၀၀၀)ကျပ်အား မဲဖောက်ပေးအပ်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်