Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် စမ်းမကြီးကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေး


25 Jun,2024

မကွေးမြို့နယ် စမ်းမကြီးကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေး
*************************************
မကွေး      ဇွန်       ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်း‌ဒေသကြီးရန်ပုံငွေကျပ် ၁၁၁ ဒသမ ၈၅၉ သန်းဖြင့် စမ်းမကြီးကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌ရန်အတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် တာဝန်ရှိသူများသည် ကျေးရွာတွင်းလမ်းဖြစ်‌မြောက်ရေးကော်မတီဝင်များနှင့်အတူ စမ်းမကြီးကျေးရွာတွင်းလမ်းအရှည် ၃၃၅၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြေပြင်အခြေအနေအား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်လမ်းအကျယ်ရရှိရေး လမ်းနယ်သတ်မှတ်ခြင်းများ ဆောင်ရွက်ပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီတာဝန်ခံအား ကွန်ကရစ်လမ်းအား ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်း‌ဒေသကြီးရန်ပုံငွေကျပ် ၁၁၁ ဒသမ ၈၅၉ သန်းဖြင့် စမ်းမကြီးကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Victory Smile Family ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၄၈၀ အိမ်၊ လူ ၂၀၈၂ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm