Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု နှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


24 Jun,2024

နေပြည်တော် ဇွန် ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်း များ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့ သွားရောက်ပြီး ကန်(၁၀၀)ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုဆေးရာ ကန်(၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုး ရေးကုန်ထုတ်သမဝါယမ အသင်းအမှုဆောင်များက  အသင်း၏ ရည်မှန်းချက်များ၊ ရေတင်ဧရိယာ (၃၄၈) ဧက၌နှစ်စဉ်ငါးသားပေါက်များထုတ်လုပ်နိုင်မှု အခြေအနေများ၊ အုပ်ချုပ်ရေးကန်နှင့် ထုတ်လုပ်ရေး ကန်များတွင် ငါးမွေးမြူထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ငါးမွေးမြူရေးကန်များအားလုံး နေရာအလွတ်များ မကျန်ရှိအောင် မွေးမြူသွားရန်နှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယဦးစီးဌာန ဦးစီးမှူးက ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များနှင့် နတ်တလင်းခရိုင်အတွင်းရှိ ပေါင်းတည်နှင့် သဲကုန်းမြို့နယ်များ၌ ယခုဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းအနေဖြင့် သမဝါယမအသင်း ၁၈ သင်း၊ အသင်းသား ဦးရေ ၈၄၁ ဦး၏ စိုက်ဧက ၂၃၁၅ ဧကတွင် ဝါသီးနှံများ စိုက်ပျိုးမည့် အခြေအနေများအားလည်းကောင်း၊ ဝါမျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးပြီးစီးမှုအခြေ အနေများအားလည်းကောင်း၊ သမဝါယမအသင်း ဖွဲ့စည်းပြီး ဝါစိုက်ပျိုးမည့် အသင်းသားတောင်သူ များအား ဝါမျိုးစေ့နှင့် သွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာ  ဝါစိုက်တောင်သူ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုး ထုတ်လုပ်မှု ဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်းချည်လိုအပ်ချက် အတွက်ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒါကြောင့် ပြည်တွင်း ၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီး များကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့် များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါဆွတ်ခူးချိန်တွင် လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့်အနက် သတ်မှတ်အရည် အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများ သိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာ ပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေး ဈေးကွက် သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ တောင်သူအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်းမြို့နယ်တို့ရှိ သမဝါယမအသင်း ၁၈ သင်း၊ အသင်းသားဦးရေ ၈၄၁ ဦးတို့ ဝါစိုက်ဧက ၂၃၁၅ ဧကတွင် စိုက်ပျိုးရန်အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသားတောင်သူများ လက်ဝယ်သို့ ပေးအပ်ပြီးနောက် ရွှေဝါထွန်းကောက်စိုက်စက်များ ခင်းကျင်းပြသထားမှုနှင့် စွမ်းရည်သီးနှံမျိုးစုံ အရွယ်စုံသုံး တီကျစ် ရွက်ဖြန်းအားဆေးရည်နှင့် ဇီဝတီကျစ်မြေဩဇာများခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm