Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောက်မယ်မြို့နယ်၌ မိုးစပါးနှင့် ပြောင်းစိုက်ပျိုးသည့် တောင်သူများထံသို့ ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်


24 Jun,2024

မောက်မယ် ဇွန် ၂၄

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်စနေနေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့မှ မိုးစပါးနှင့်ပြောင်းစိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများအား ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို ဇွန်(၂၁)ရက်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မိုးစပါးနှင့်ပြောင်း စိုက်ပျိုးသော အခြေခံသမဝါယမ အသင်းတောင်သူများအား ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သော ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေး၊ အသင်းစုဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများတို့က မိုးစပါးနှင့်ပြောင်း စိုက်ပျိုးသောအခြေခံ သမဝါယမအသင်းတောင်သူများထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm