Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ ပဒုမ္ပာ(ရော်ဘာ) စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်


24 Jun,2024

ပေါင် ဇွန် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပဒုမ္ပာ(ရော်ဘာ)စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ဇွန်(၂၁)ရက်က နတ်ကြီးချောင်ကျေးရွာ စက်မှု(၂)ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌဦးစောဦးက အသင်းသား၊အသင်းသူများ၏အကျိုးနှင့် အသင်းအကျိုးကို အမှုဆောင်များအားလုံးမှ ညီညီညွတ်ညွတ်ကြိုးစားအားထုတ်မှုကြောင့် အသင်းစီးပွားရေးမှာ တိုးတက် အောင်မြင်လာရခြင်းဖြစ်ကြောင်းနှင့် အသင်းသားများမှလည်း မိမိတာဝန်ကိုယခုကဲ့သို့ ကျေပွန်အောင် ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် အတွက်အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်း အမြတ်ခွဲဝေစာရင်းများအား အမှုဆောင်များမှဖတ်ကြားတင်သွင်းပြီး အသင်း၏အသားတင်အမြတ်ငွေမှ အသင်းသား(၁၀၄)ဦးသို့ တစ်ဦးလျှင်(၁၅,၀၀၀)ကျပ်စီနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် အသင်းသားများ၏ အဆိုပြုထောက်ခံချက်များရယူ၍ ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးစီးအရာရှိဒေါ်သင်းသင်းယုထံမှ အတည်ပြုချက်ရယူ၍ အမှုဆောင်သစ်များတင်မြှောက်ပြီး အမှုဆောင် သစ်များမှ ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm