Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါ ယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


24 Jun,2024

လင်းခေး ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇွန်(၂၂)ရက်က လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြဝင်းက အဆိုပါ အစည်း အဝေးပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားဆက်လက်ပြောကြားသည်။

ဆက်လက်၍ အသင်းလီမိတက်ဒုတိယဥက္ကဋ္ဌ ဦးချိုနိုင်က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းများကို ဖတ်ကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့်အသင်း သားများမှ အကြံပြုဆွေးနွေးခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့က ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးခြင်းနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်ရှင်းတမ်းများအား အမှုဆောင်အဖွဲ့ က အတည်ပြုခဲ့ကြသည်။ ယနေ့ပြုလုပ်သော အရပ်ရပ်ဆိုင်ရာအစည်းအဝေး တက်ရောက်လာကြသည့် အသင်းသား(၃၀၆)ဦးတို့အား အရပ်ရပ်ဆိုင်ရာအစည်းအဝေးစရိတ်နှင့် အသင်းသားထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm