Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းရှူးမြို့တွင် မြို့မစျေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


24 Jun,2024

မိုင်းရှူး ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် မြို့မစျေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇွန်(၂၁)ရက်က အမှတ်(၂) ရပ်ကွက်၊ မြို့မစျေးသမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် သဘာပတိဦးဝင်းဇော်က အဖွင့်မိန့်ခွန်းပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းအုပ်ချုပ်မှုဒါရိုက်တာဦးဇော်ဝင်းက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ရှင်းတမ်းများဖတ်ကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊ သမီးများအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုချီးမြှင့်ခဲ့သည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၂၉၁၁) သိန်းကျပ်ရှိပြီး စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား(၂၆၂)ဦးထံပေးအပ်သည်။ အဆိုပါအခမ်းအနား တွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm