Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် သံဘိုရွာမကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း


24 Jun,2024

မကွေးမြို့နယ် သံဘိုရွာမကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း
***********************************
ချောက်       ဇွန်        ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် သံဘိုရွာမကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ပထမဦးစွာ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ရာတွင် လိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကျေး ရွာသူကျေးရွာသားများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ အများသဘော ဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

မကွေးမြို့နယ်၊ ရှားဇောင်းကန်ကျေးရွာအုပ်စု၊ သံဘိုရွာမကျေးရွာ၌ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း Type-1 အဖြစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံ ငွေကျပ် သိန်းသုံးရာ မတည်ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းရန်ပုံငွေအား ကျေးရွာသူကျေးရွာသားများ တစ်ပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

အထွေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm