Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့၌ မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးပွဲကျင်းပ


24 Jun,2024

မုဒုံ  ဇွန် ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးပွဲနှင့် အမှုဆောင်အဖွဲ့၊ အသင်းစာရင်းစစ် များရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို ဇွန်(၂၂)ရက်က နာရီက အသင်းရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးသန်းတင်က အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက သမဝါယမလုပ်ငန်းများဆိုင်ရာနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ထို့နောက် တာဝန်ရှိသူများက အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေပုံစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းသားများ၏ စုဆောင်းငွေ အပေါ်အတိုးနှင့် အကျိုးဝေစုများအား ထုတ်ပေးခြင်းနှင့် ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ အသင်းဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်အဖွဲ့ကို ရွေးချယ်ခြင်းအား အသင်းသားများထံမှ အတည်ပြုချက်ရယူပြီး တာဝန်ခွဲဝေသတ်မှတ်ပေးခဲ့ရာ ရွေးချယ်ခံရသူများက သဘာပတိ၏ ရှေ့မှောက် တွင် ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)

မွန်ပြည်နယ်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm