Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဆုချီးမြှင့်


24 Jun,2024

မုဒုံ ဇွန် ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင် (၆)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ် မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်(၂၂)ရက်ကအသင်းရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိဦးညီညီထွန်းက အဖွင့်အမှာ စကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးသန်းတင်က ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၅)ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ (၂)ဘာသာဂုဏ်ထူး ရှင်နှစ်ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်လေးဦး၊ ရိုးရိုးအောင်မြင်သူ(၁၄)ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းနှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm