Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုများ ချီးမြှင့်


24 Jun,2024

နမ့်စန် ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင် ရာ အစည်းအဝေးကို ဇွန်(၂၃ )ရက်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းကအဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည် ပြုချက် ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အသင်းသား၊ အသင်းသူများ၏ သား/သမီးများထဲမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၂ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ရိုးရိုးအောင်မြင်သူ ၅ ဦးနှင့် လူရည်ချွန်ရရှိသူ ၂ ဦး၊ စုစုပေါင်း(၁၀)ဦးကို တစ်ဦးလျှင် ပညာသင်ဆုကျပ်သုံးသောင်းစီနှင့် ဂုဏ်ထူးရဘာသာ ၁ ဘာသာအတွက် ကျပ်တစ်သောင်းစီကို အသီသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းမှတာဝန်ရှိသူများက တက်ရောက် လာသော အသင်းသားများကို စုစုပေါင်းငွေကျပ် သိန်း ၃၀ကျော် တန်ဖိုးရှိဗလာမပါငွေသားကံစမ်းမဲ များကိုမဲဖောက်၍ပေးအပ်ခဲ့ပြီး အသင်းသား ၅၂၅ ဦး၏စုဆောင်းငွေပေါ်အတိုးစုစုပေါင်း ၁၂၇၇၆၉၃၂ ကျပ်ကိုလည်း စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm