Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ်၊မေရှိုးမန်းသယ်ယူပို့ဆောင်ရေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


24 Jun,2024

ပြင်ဦးလွင် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေရှိုးမန်းသယ်ယူပို့ဆောင်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ တွင် ဇွန်(၂၃)ရက်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ ပြင်ဦးလွင်ခရိုင် ပို့/ဆက်ဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်အေးထွန်း၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ၊ အသင်းဥက္ကဌနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသား/အသင်းသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဒေါ်ခင်မျိုးမျိုးဝင်းက ဆောင်ရွက်သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ဒေါ်မျိုးသီရိခိုင်ကဖတ်ကြားပြီး အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အတွင်းရေးမှူး ဦးဇော်မင်းအောင်က ဖတ်ကြားသည်။

ထို့နောက် သဘာပတိက တက်ရောက်လာသော အသင်းသား/အသင်းသူများထံမှ အတည်ပြု ချက်ရယူခဲ့သည်။ အစည်းအဝေးတွင် တက်ရောက်လာသော အသင်းသား/အသင်းသူများအား အစုပေါ် အမြတ် ငွေကျပ်(၁၀၀)သိန်း၊ ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၂၅.၉)သိန်း၊ စုစုပေါင်းငွေကျပ် (၁၂၅.၉)သိန်း ထောက်ပံ့ပေးခဲ့ပြီး နှစ်ပတ်လည်လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm