ဘားအံမြို့နယ် တောင်ကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
************************************************************************
ဘားအံ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ကော့ဂွန်း(ဘားကပ်)ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၌ စတုတ္ထအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇွန်၂၀ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသူရလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊အကျိုးကျေးဇူးများနှင့် စီမံကိန်း လက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားသည်။ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ ကို ရှင်းလင်းပြောကြားပြီးမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၄ ဒသမ ၉သန်းလွှဲပြောင်းပေးအပ်သည်၊၊ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များကတောင်ကလေးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၁ဦးကို ငွေကျပ် ၂၆ ဒသမ၁သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ ၁၆ဦး ကို ငွေကျပ် ၇ ဒသမ ၈သန်း၊အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ နှစ်ဦးကို ငွေကျပ် တစ်သန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၅၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမ ပျောက် လည်ပတ်ရန်ပုံငွေကျပ်၃၄ ဒသမ ၉သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်