Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ဇီးချိုပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း


20 Jun,2024

ချောက်မြို့နယ် ဇီးချိုပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း
***********************************
ချောက်       ဇွန်        ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် ဇီးချိုပင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ပထမဦးစွာ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ရာတွင် လိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ကျေး ရွာသူကျေးရွာသားများ၏ အများသဘော ဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ ဇီးချိုပင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း Type-1 အဖြစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံ ငွေကျပ် သိန်းသုံးရာ မတည်ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းရန်ပုံငွေအား ကျေးရွာသူကျေးရွာသားများ တစ်ပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm