Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများ ပေးအပ်


21 Jun,2024

ကော့မှူး ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသားတောင်သူများအား ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက် ပြီး သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် တာဝန်ရှိသူများကအသင်းသား များအား သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၄ခုနှစ်အတွက် အသင်း(၄)သင်း၊ အသင်းသား (၂၅၂)ဦး၊ စိုက်ပျိုးဧက (၂၉၅၉)ဧကအတွက် ပံ့ပိုးငွေ (၅၉၁.၈၀)ကျပ်သန်းနှင့်ညီမျှသည့် သွင်းအားစုအိတ် (၅၉၀၀)ကျော်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်