ပေါင် ဇွန် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာထောက်ပံ့ပေးခြင်းနှင့် အာဟာရများတိုက်ကျွေးခြင်းကို ဇွန်လ(၂၀)ရက်နေ့က ကဒုံစီးရပ်ကွက်နှင့် ပေါင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာရေးကိရိယာထောက်ပံ့ခြင်းကို ကဒုံစီးရပ်ကွက် မြစိမ်းရောင်လယ်ယာစိုက်ပျိုးရေး နှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ ကျောင်းနေသားသမီး (၁၁၇)ဦးကို ကျောင်းသုံးဗလာစာအုပ် (၇၇)ဒါဇင်ကိုလည်းကောင်း၊ ဘောပင် (၁၁၅)ချောင်းကို လည်းကောင်း၊ ခဲတံ(၂၅၀)ချောင်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပေါင်းရပ်ကွက်မူလတန်းကြိုကျောင်းတွင် အာဟာရဖြည့်စွက်စာများဖြစ်သည့် ပဲနို့နှင့် မုန့်များကို ကလေးငယ် (၆၀)ဦးအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ လှူဒါန်းခဲ့ ကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်