ကွမ်းခြံကုန်း ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြို့နယ်သမဝါယမအသင်းစုမှ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်လျက်ရှိသော ကော့ဒွန်းကျေးရွာ၊ ကော့ဒွန်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသားတောင်သူများသို့ ဇွန် ၁၄ ရက်နေ့က ကော့ဒွန်းကျေးရွာ၌ သွင်းအားစုပေးအပ်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွင်းအားစုများပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်တွင် မြို့နယ်သမဝါယမအသင်းစုမှ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်မည့် သမဝါယမအသင်း ၄ သင်း၊ အသင်းသား ၁၃၇ ဦး၊ မိုးစပါးစိုက်ဧက(၁၂၂၂)ဧကအတွက် တန်ဖိုးငွေ ၂၄၄.၄၀ ကျပ်သန်း နှင့်ညီမျှသောသွင်းအားစုများကို မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်သမဝါယမအသင်းစုတို့မှ အသင်းသားတောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်