Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ


20 Jun,2024

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ

**************************************************************************

သရက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကအသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကိုဇွန် ၁၉ရက် နံနက်ပိုင်းက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီးသင်တန်းသားများအနေဖြင့် သင်တန်းမှသင်ခန်းစာများကို လက်တွေ့အသုံးချပြီးတစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင် သည်အထိ ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးအောင်သူရမင်းက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရရှိသည့်သင်တန်းသားများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။အဆိုပါ သင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်သရက်မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာမှ သင်တန်းသား ဦးရေ ၂၀ဦး တက်ရောက်ကြကာ
သင်တန်းကာလမှာ ဇွန် ၅ရက်မှ ဇွန် ၁၉ရက်နေ့ထိ ၁၅ရက်ကြာဆိုင်ကယ်ပြုပြင်နည်းသင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm