ကျောက်ဆည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင် သူများ လူမှုဘဝမြင့်မားရေး သက်ဆိုင်ရာဌာနများမှ မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်းစနစ်များနှင့် သွင်းအားစုများစနစ်တကျကူညီပေးလျက်ရှိကြောင်း သိရပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြို့နယ် သမဝါယမဦးစီးဌာနမှ ကုလားကျောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေးစပါး(၂၃၈)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နွေစပါးများ စိုက်ပျိုးရာတွင် ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာ စိုက်ပျိုး ရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ (၃၁) ဦး၏ လယ်မြေများတွင် (၁၅၂) ဧက၊ အရှေ့ရွာနန်းကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသားတောင်သူ(၁၈)ဦး၏ လယ်မြေများတွင် (၈၆)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နွေစပါးသီးနှံများစိုက်ပျိုးရာ၌ အခြေခံသမဝါယမအသင်းသားတောင်သူများ သွင်းအားစု အခက်အခဲမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧကတွင် ငွေကျပ် (၂) သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစုများထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌ အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်