ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် စက်မှုဇုံအတွင်းရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း(လီမိတက်)သည် အသင်းသားများနှင့် ဖွဲ့စည်းထားရှိပြီး အသင်းသားများကိုယ်တိုင် စက္ကူထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်သားများအဖြစ် ပါဝင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။
အသင်းအနေဖြင့် ပြည်နယ်အတွင်းရှိ အသုံးပြုပြီးသည့် ရုံးသုံး၊ ကျောင်းသုံး စာရွက်ဟောင်းများ၊ သတင်းစာနှင့် ဂျာနယ်အဟောင်းများအား ကုန်ကြမ်းအဖြစ် ဝယ်ယူ၍ Recycle ပြုလုပ်ပြီး ၎င်းပျော့ဖတ်များဖြင့် စက္ကူကြမ်း/ချောထုတ်လုပ်ခြင်းနှင့် ကတ်ထူစက္ကူများ ထုတ်လုပ်ခြင်း ကို ဆောင်ရွက်လျက်ရှိသည်။ ဘားဖြူစက္ကူကြမ်း/ချော၊ ဘားပြာကြမ်း/ချော၊ ကတ်ထူစက္ကူများကို တစ်ရက်လျှင် ၁ တန်နှုန်း ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစက္ကူလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။