Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ


18 Jun,2024

နေပြည်တော် ဇွန် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၁၈ ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၄) ရွာမှ ဝါစိုက်တောင်သူများ၊ အောင်မြေသာယာ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့်တွေ့ဆုံကာ မိုးဝါအတွက် မျိုးများ ရရှိရေး၊ လိုအပ်သော သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေ လိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရေး၊ ဝါအထွက်နှုန်းတိုးရေးနှင့် အဆင့်မီဝါများ ဆွတ်ခူးကြိတ်ခွဲ၍ စံချိန်စံညွန်းကိုက်ညီသော ချည်မျှင် ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအတွက် ဓာတ်မြေ ဩဇာ၊ စမ်းဝတီ သဘာဝမြေဩဇာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ လိုအပ်ချက် များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီများ၏ မျိုးစေ့များ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး နှင့် သွင်းအားစုများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးဝါ စိုက်ပျိုးရာသီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာမှ သမဝါယမ အသင်း (၁၄) သင်း၏ ဝါစိုက်ဧက (၉၉၀) အတွက် ဝါမျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသည့် အပြင် တန်ဖိုးငွေကျပ် (၁၉၈) သန်းနှင့် ညီမျှသော အာမိုဓာတ်မြေဩဇာ၊ စမ်းဝတီ သဘာဝမြေဩဇာနှင့် ကျောက်မှုန့်များ ထည့်သွင်းအသုံးပြုနိုင်ရေး ပံ့ပိုးပေးသွားမည် ဖြစ်သည်။

အလားတူ ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်ပြစ်ကျေးရွာသို့ သွားရောက် ပြီး ကြက်ပြစ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အပူပိုင်းဇုန် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းအဖွဲ့က To-Ne (တိုနေး) Top 300 တွင်းတူးစက်ကြီးဖြင့် ကျောက်ပန်း တောင်းမြို့နယ် ချောင်းဖျားကျေးရွာ၌ အနက်ပေ (၈၀၀) ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူးက ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

အဆိုပါ စက်ရေတွင်း၏ လက်ရှိတူးဖော်ပြီးစီးမှုမှာ အနက်ပေ (၃၈၀) ဖြစ်ပြီး ယခု ဇွန်လကုန်တွင် တူးဖော်ပြီးစီးမည်ဖြစ်ကြောင်း၊ ကျေးရွာကျေးရွာသားများ လတ်တလော ရေသုံးစွဲအောင် စီမံဆောင်ရွက် ပေးမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ကျေးရွာရှိ အိမ်ခြေ ( ၁၆၁ ) အား အိမ်သွယ်ရေတိုင်စနစ် ပြီးစီးအောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာသို့ သွား ရောက်ပြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးထားသည့် စက်ရေတွင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အဆိုပါကျေးရွာရှိ ဆီထွက်သီးနှံစိုက် တောင်သူများ၊ နှစ်ကျပ်ခွဲ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိုက်တွန်း မှာကြားပြီး တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm