Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ လာရောက်ကြည့်ရှု့စစ်ဆေး


24 Jul,2022

အမရပူရ ဇူလိုင် ၂၃ 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)သည် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ ယနေ့နံနက်ပိုင်းတွင် လုပ်ငန်း‌ဆောင်ရွက်နေမှုများအား လာရောက်စစ်ဆေးရာ ကျောင်းအုပ်ကြီးက

စက်ရက်ကန်းဌာန၊ လက်ရက်ကန်းဌာန၊ ရွှေချည်ထိုး၊ငွေချည်ထိုးဌာန၊ ရိုးရာလွန်းရာကျအချိတ်ဌာန၊ ပြတိုက်၊ အရောင်းပြခန်း၊ အထည်ဆေးရေးဌာနတို့အား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းလုပ်ဆောင်မှုများအား တစ်ဦးချင်းမေးမြန်း၍ အခက်ခဲများရှိပါက တင်ပြရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဌာန၏ လုပ်ဆောင်မှုများအား ဝန်ထမ်းအားလုံး သိရှိရမည်ဖြစ်ပါကြောင်း၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ထွက်ရှိသော သဘာဝဆိုးဆေးထည်များမှာ နိုင်ငံတော်အကြီးအကဲ၏ သဘောကျနှစ်သက်မှုကို ရရှိထားပါကြောင်း၊ သို့ပါ၍ လိုအပ်သည့်ဆောင်ရွက်ချက်များအား ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Fashion သင်တန်းတွင် တက်ရောက်မည့်သူများမှာ ကျောင်းမှ ဝန်ထမ်းများပဲဖြစ်ပါကြောင်း၊ ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုအား ဝန်ထမ်းအားလုံးအဓိကထား ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနအကြီးအကဲလာရောက်စစ်ဆေးသည့်အချိန်တွင် မှားယွင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ လိုအပ်ချက်များမရှိစေရေး ဝန်ထမ်းအားလုံးစည်းလုံး ညီညွတ်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်းဒါးသိပ္ပံမှ ရက်ကန်းဖွံ့ဖြိုးရေးလုပ်ငန်းအား အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်း၊ တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်နိုင်မှု အခြေအနေနှင့် လိုအပ်ချက်များ၊ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm