Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်


13 Jun,2024

ပေါင်  ဇွန်   ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ဇွန်(၁၂)ရက်က ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက နိုင်ငံ့စီးပွား၊ လူမှုစီးပွားတိုးတက်စေရေးအတွက် မတည် ထောက်ပံ့ငွေများဖြင့် လုပ်ငန်းများကို အကျိုးရှိစွာ အသုံးပြုစေလိုပါကြောင်း၊  ယခုမတည်ထောက်ပံ့ ငွေဖြင့် မိမိတို့အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းယုက အသင်းသား များ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် ရန်ပုံငွေမှမတည်ထောက်ပံ့ငွေများဖြင့် ရွှေချမ်းသာ စိုက်ပျိုး‌‌ရေးနှင့်အ‌ထွေ‌ထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းနှင့် မိုးမင်းစိုက်ပျိုးရေးနှင့်ထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သည့်သွင်းအားစုများ ဝယ်ယူရန်အတွက် အခုလိုမတည်ထောက်ပံ့ငွေများကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သမဝါယမအသင်းများ ဖြစ်သော ‌ရွှေချမ်းသာစိုက်‌ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအား အရင်း (၇၅၆)သိန်း အတိုးငွေ (၄၄၄၅၂၈၀)ကျပ် ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ရဲမှူးသံမရောင်က မိုးမင်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းများကို အရင်း သိန်း(၃၀၀)  အတိုးငွေ (၁၇၆၄၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm