Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေပြည်သစ်(ယခင်ရတနာပုံ)အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် အမှုဆောင်အစားထိုးရွေးချယ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်


22 Jul,2022

ချမ်းအေးသာစံ၊ ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ်(ယခင်ရတနာပုံ)အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် အစားထိုးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်အသင်းသားများက လစ်လပ်သွားသော အမှုဆောင်အဖွဲ့ဝင်နေရာအား မဲစနစ်ဖြင့် အစားထိုး ရွေးချယ်တင်မြှောက်ပြီး သဘာပတိက အတည်ပြုခဲ့သည်။ ဆက်လက်၍ အမှုဆောင်အဖွဲ့ဝင်များအား တာဝန်ခွဲဝေသတ်မှတ်ပြီး ကတိသစ္စာခံယူကာ သဘာပတိက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm