Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်၌ မိုးစပါး၊ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် တောင်သူများနှင့်တွေ့ဆုံ


13 Jun,2024

နေပြည်တော် ဇွန် ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြို့သစ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ အဆိုပါဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကာ ဒုတိယဝန်ကြီးက မွမ်းမံ သင်တန်းများဖွင့်လှစ်ပေးရန် မှာကြားပြီး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ထူးချွန်ဆုရ သင်တန်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ပြီး  ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အမြန်စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ရန်၊ မိမိတို့ တန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်ယန္တရား ပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထုက ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေသော ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်းပိုင် အရှည်ပေ (၆၀၀)  ကျောက်ချောခင်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံသို့သွားရောက်ပြီး မြေသာပြင်ကျေးရွာအုပ်စုအတွင်းမှ မြေပြင်သာ၊ သန်းကုန်း၊ ပင်းစု၊ အောင်မြင်သာ၊ အောင်သပြေ ကျေးရွာ (၅) ရွာမှ မိုးစပါးစိုက်တောင်သူများ၊ ဝါစိုက် တောင်သူများ၊ ဆီထွက်သီးနှံစိုက် တောင်သူများနှင့် တွေ့ဆုံကာ သီးနှံအလိုက် အထွက်နှုန်းတိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးနှင့် ဓာတ်မြေဩဇာ သွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ စိုက်နည်း စနစ်များ မှန်ကန်ရေး တိုက်တွန်းမှာကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာ (၅) ရွာမှ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြေပြင်သာကျေးရွာရှိ ဒေသမှထွက်ရှိသော ဝါများကို ဝါကြိတ်စက် ၅ လုံး၊ ဝါဖိစက် ၁ လုံးတို့ဖြင့် ဝါကြိတ်လုပ်ငန်း ဆောင်ရွက်နေသာ လုပ်ငန်းရှင် ဦးစောကျော်ခိုင်၏ အောင်နိုင်သူ ဝါကြိတ်စက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး အဆင့်မီဝါများ ကြိတ်ခွဲနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm