Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ်အတွင်းရှိ ဝါစိုက်သမဝါယမအသင်းသားတောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်


10 Jun,2024

နေပြည်တော် ဇွန် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာသို့ သွားရောက်ပြီး တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ၊ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက တပ်ကုန်း မြို့နယ်အတွင်း ဝါစိုက်ပျိုးရန် သမဝါယမအသင်းများ ဖွဲ့စည်းမှု၊ ပြင်ဆင်မှု၊ မျိုးနှင့် သွင်းအားစုများ ဖြည့်ဆည်းပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း အထည်အလိပ် ထုတ်ကုန်ကဏ္ဍ မြှင့်တင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးအားပေးလျက်ရှိသဖြင့် ဝါစိုက်ပျိုးရေးကို သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒများ ချမှတ်ကာ ဘက်ပေါင်းစုံမှ တတ်စွမ်းသမျှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းသားတောင်သူ များလိုအပ်သည့် မျိုး၊ စိုက်ပျိုးရေ၊ သွင်းအားစုများ ရရှိရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းသားတောင်သူများက မိမိတို့ရဲ့ မိသားစုဝင်ငွေတိုးပွားရေးအတွက် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ရေး၊ အထွက်တိုးမျိုး ပြောင်းလဲစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်နည်းစနစ်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြုရန် လမ်းညွှန်မှုများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် အဆင့်မီဝါများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လိုအပ်သည့် နေရာများတွင် ဝါကြိတ်စက်၊ ဝါစေ့ဆီစက်များ ထူထောင်လိုပါက ရင်းနှီးမတည်ပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း၊ ဝါသီးနှံသာမက စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများ စိုက်ပျိုးမည်ဆိုပါကလည်း လိုအပ်သည့် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများထံ RAKA-666 ဝါမျိုး၊ ဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အသင်းသားတောင်သူဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးထားမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထားမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ သွားရောက်ပြီး ဆီစက်ရုံ တိုးချဲ့တည် ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm