ချမ်းမြသာစည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်း၊ ရွှေဟင်္သာငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ဇွန်လ(၇)ရက်နေ့က အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က အမှာ စကား ပြောကြားပြီးနောက် ရွှေဟင်္သာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အသင်းဥက္ကဋ္ဌဦးပါက အသင်း၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဦးစီးအရာရှိနှင့် အသင်းဥက္ကဋ္ဌတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသင်းသား(၂၃၁၂)ဦး အတွက် တစ်ဦးလျှင် ၁၀၀၀ဝိ/နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၃၁၂၀၀၀ဝိ/)အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ရွှေနဂါးငွေစုငွေချေးသမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ အစည်းအဝေးကို ကျင်းပဆောင် ရွက်ခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးထွန်းမင်းလတ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသင်းသား (၈၂၆)ဦးအတွက် ထောက်ပံ့ငွေ (၁၆၅၂၀၀ဝိ/)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်