Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်သမဝါယမအသင်းစုဒေသထွက်ကုန် စံပြအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ


22 Jul,2022

ပူတာအို၊ ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စားသုံးသူ အသင်းသား ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဇူလိုင်လ ၂၁ ရက် နေ့က ပူတာအိုမြို့နယ်သမဝါယမအသင်းစုဒေသထွက်ကုန်စံပြအရောင်းဆိုင်အား ဖွင့်လှစ်ခဲ့သည်။

၎င်းစံပြအရောင်းဆိုင်တွင် ပူတာအိုဒေသထွက်ကုန်များ၊ ဆန်များ(ငွေတိုး၊ ဆင်းဧကရီ-၃)၊ ညောင်ဦးပဲဆီသန့်၊ ကချင်ရိုးရာ ကျားဝတ်/ မဝတ်အထည်များ၊ အခြားလူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများကို ဒေသပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စားသုံးသူ အသင်းသားပြည်သူများအား အရစ်ကျကုန်ကြွေးစနစ်ဖြင့်လည်းကောင်း၊ လက်ငင်းငွေပေး ချေစနစ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm