နေပြည်တော်၊ ဇွန် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၁၇-၆-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် ဝန်ကြီးဌာန (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးမှ ချီးမြှင့်သည့် ဆုမဲ(၄၉)မျိုးဖြစ်ပြီး ပစ္စည်းအရေအတွက် (၅၈၈)ခုအား (၁၀.၆.၂၀၂၄)ရက်နေ့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးချုပ်/ ဌာနခွဲ/အဖွဲ့ခွဲများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ထမ်းများထံသို့ ဆုမဲများ ဖောက်ပေးခဲ့ပါသည်။
အဆိုပါ ဆုမဲများထဲတွင် ဆုကြီးများဖြစ်သည့် TV 32” (၁)လုံး၊ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေး စက်(၁)လုံးတို့အား ဝန်ထမ်း(၃)ဦးတို့မှ အသီးသီးမဲပေါက်ခဲ့ပြီး ကျန်ရှိသည့် (၅၈၅)မဲအား ဝန်ထမ်း(၅၈၅)ဦးတို့မှ ဗလာမပါ ကံစမ်းမဲ ပစ္စည်းအမျိုးမျိုးအား အသီးသီးမဲပေါက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်