ကျိုက်မရော ဇွန် ၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သိန်းတစ်ရာ ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် ၏ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲကို ဇွန်လ ၄ ရက် နေ့လည် ၂ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သိန်းတစ်ရာ ငွေစု/ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ ကို စာရင်းစစ်မှူး ဒေါ်နော်လှစိုးက ဖတ်ကြားပြီး ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းကို အမှုဆောင် ဦးဘိုဘိုကျော်က ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို အသင်းဥက္ကဋ္ဌမှ အတည်ပြုချက် ရယူကာ အသင်းသားများ၏ သိလိုသောအချက်များကို အသင်းဥက္ကဋ္ဌမှ ပြန်လည်ဖြေကြားပြီး အမှုဆောင်သစ်များကိုရွေးချယ်ခဲ့ကြပြီး အသင်း၏အမြတ်ငွေမှ အသင်းသားများအား အမြတ်ငွေ နှင့် နှစ်ပတ်လည်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်