Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပွဲ ကျင်းပ


07 Jun,2024

နေပြည်တော် ဇွန် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားမည့် ဝန်ထမ်းများ၏သားသမီး ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီး ဌာန၊ ရုံးအမှတ် ၁၆ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ သားသမီး ကျောင်းသားကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသားသမီးကျောင်းသားကျောင်းသူ (၅၈၇)ဦး ရှိကြောင်း၊ ပညာသင်ယူကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် လူမှုရေး ဦးတည်ချက်(၃)ရပ်အနက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်းနှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊  နိုင်ငံတော်အပေါ် သစ္စာစောင့်သိလျက် ထူးချွန်ထက်မြက်ပြီး တိုင်းပြည်မှ အားကိုးလေးစားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစား အားထုတ်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်း အဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အလယ် တန်းအဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ စာရေးကိရိယာများအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm