Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ကိုယ်စားလှယ်အဖွဲ့ CIRDAP အဖွဲ့၏ (၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ


06 Jun,2024

နေပြည်တော် ဇွန် ၆

အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centre on Integrated Rural Development for Asia and the Pacific - CIRDAP) အား အဖွဲ့ဝင်နိုင်ငံအလိုက်ဆောင်ရွက်နေသော ကျေးလက်ဒေသပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူများ၏ ပူးပေါင်းမှုဖြင့်ဆောင်ရွက်ရာတွင် ဝန်ဆောင် မှုပေးသည့် အဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံဖြင့် ဖွဲ့စည်းထားရှိပါသည်။

CIRDAP အဖွဲ့အစည်းမှ အုပ်ချုပ်မှုကောင်စီအစည်းအဝေး (Governing Council Meeting)နှင့် အမှုဆောင်ကော်မတီအစည်းအဝေး (Executive Committee Meeting) အား (၂) နှစ်လျင် (၁) ကြိမ် အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ (၃၄) ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေး (34th Executive Committee Meeting) အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ မှ (၅) ရက်နေ့အထိလည်းကောင်း၊ (၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေး (24th Governing Council Meeting) အား ဇွန်လ (၆) ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အစည်းအဝေးသို့ CIRDAP အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များတက်ရောက်၍ အဖွဲ့ဝင်နိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များအား မျှဝေဖလှယ်ကာ CIRDAP အဖွဲ့၏ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားကြမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးများအား ထိုင်းနိုင်ငံက သဘာပတိအဖြစ် ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး CIRDAP အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း (၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၅) ရက်နေ့၊ ဒေသစံချိန်တော် ညနေ (၄:၂၅) မိနစ် အချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့သည်။ (၃၄) ကြိမ်မြောက် အမှုဆောင်ကော်မတီ အစည်းအဝေးသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်လျက် ရှိကြောင်းလည်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm