ပြည်၊ ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများထူထောင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ လူသုံး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်မြို့နယ်၊ ငါးရွာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြရာ ခရိုင် ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား(၂၀)ဦးအား ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်(မ်)၊ ဆပ်ပြာရည်အမျိုးအမျိုးနှင့် ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းတို့ကို ဇွန်လ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်