Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ


03 Jun,2024

နေပြည်တော် ဇွန် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ ၃ ရက်၊ နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါ လျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းအမှုဆောင်များ၊ အသင်းသား ဝါစိုက်တောင်သူ များနှင့်တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း သမဝါယမ စနစ်ဖြင့် ဝါစိုက်ပျိုးနေမှုအခြေအနေအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမအသင်းသားတောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များ အားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်တွင် ဝါစိုက်ပျိုးရေး သမဝါယမအသင်းများက မိုးဝါ(၁၂၁၉) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ RAKA-666 ဝါမျိုးစေ့များကို လည်းကောင်း၊ ကွန်ပေါင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကိုလည်းကောင်း ကူညီပံပိုးပေးသွား မည်ဖြစ်ကြောင်း၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်များရှိ ဝါစိုက်ဧကများ အတွက်လည်း အလားတူ ဝါမျိုးစေ့နှင့် ဓာတ်မြေဩဇာများ အချိန်မီရရှိအောင် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးရန်နှင့် အဆင့်မီဝါများရရှိရေး၊ ချည်မျှင်နှင့်အထည်များ ရက်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူးက ဝါစိုက်ပျိုးရေးလုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရမည်များကို အသိပညာပေးရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အသင်သားတောင်သူများ ထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရှားတောကျေးရွာခန်းမသို့ သွားရောက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်းတက်ရောက်မည့် သင်တန်း သူများနှင့်တွေ့ဆုံကာ ယခုသင်တန်းတွင် ဘွဲ့ရပြီးသူများ၊ Grade-12 ဖြေဆိုထားသူများ ပါဝင်နေသည် ကို တွေ့ရကြောင်း၊ သင်ယူတတ်မြောက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်ပညာရပ်များအား မိသားစု ဝင်ငွေတိုးရေးလုပ်ငန်းအပြင် ရိုးရာမပျက် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများတီထွင်ဖန်တီး ထုတ်လုပ် နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူ ဦးကျော်မင်းစိန်၏ လယ်မြေ (၁) ဧကတွင် RAKA-666 ဝါမျိုး (၈) ရက်သား စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာသို့ သွားရောက် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာအဆင့်ဆင့် ဆင်းရဲမှုလျော့ချရေးစံပြ စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ရက်ကန်းအလုပ်ရုံသို့ သွားရောက်ကာ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေအား ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး ကျေးရွာအတွင်းရှိ ပုဂ္ဂိလက လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဝါစိုက်ပျိုးရေး လုပ်ငန်းအား နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ ဒေသမှထွက်ရှိသော အဆင့်မီချည်များဖြင့် ရက်ကန်းရက်လုပ်ခြင်းလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm